Cloud Zoo : Reviews Telegram channel photo

Cloud Zoo : Reviews

@clzreviewsPublic Channel

Cloud Zoo : Reviews shares Tests de Gadgets updates and media on Telegram. Join to stay updated.

676

Last views

1.5k (1,501 subscribers)
Membre
—
Rating
10
Total Posts
Oct 23, 2026, 11:22 AM
Mis à jour
Apr 11, 2026
Created
Stats

Vous consultez le contenu en français. Pour afficher le contenu dans d'autres langues, veuillez modifier la langue du site.

Channel Information

Channel Information
Channel NameCloud Zoo : Reviews
Username@clzreviews
CategoryTests de Gadgets
Languagefrançais
CountryFrance
Membre1,501
Channel TypePublic Channel
Created11 avr. 2026
Last Updated23 oct. 2026 • il y a 7 heures
StatusActive

Classement

Classement mondial
#324706-534
Classement par langue
#2495+2
Classement par catégorie
#938-3

Croissance des abonnés

Total: 1.5K30 Days growth: -171.1%
09/2409/2910/0410/0910/1410/1910/23
Croissance des abonnés - 30 Days
DateSubscribers
24:09:20261,518
25:09:20261,518
26:09:20261,518
27:09:20261,518
28:09:20261,518
29:09:20261,518
30:09:20261,518
01:10:20261,518
02:10:20261,518
03:10:20261,518
04:10:20261,518
05:10:20261,518
06:10:20261,518
07:10:20261,518
08:10:20261,518
09:10:20261,518
10:10:20261,518
11:10:20261,518
12:10:20261,518
13:10:20261,518
14:10:20261,518
15:10:20261,509
16:10:20261,509
17:10:20261,509
18:10:20261,509
19:10:20261,509
20:10:20261,509
21:10:20261,509
22:10:20261,509
23:10:20261,501
Croissance des abonnés - Weekly
DateSubscribers
Week of 06:04:20261,782
Week of 13:04:20261,774
Week of 20:04:20261,774
Week of 27:04:20261,738
Week of 04:05:20261,738
Week of 11:05:20261,738
Week of 18:05:20261,700
Week of 25:05:20261,700
Week of 01:06:20261,700
Week of 08:06:20261,700
Week of 15:06:20261,700
Week of 22:06:20261,700
Week of 29:06:20261,614
Week of 06:07:20261,614
Week of 13:07:20261,614
Week of 20:07:20261,614
Week of 27:07:20261,614
Week of 03:08:20261,614
Week of 10:08:20261,576
Week of 17:08:20261,557
Week of 24:08:20261,541
Week of 31:08:20261,541
Week of 07:09:20261,532
Week of 14:09:20261,518
Week of 21:09:20261,518
Week of 28:09:20261,518
Week of 05:10:20261,518
Week of 12:10:20261,509
Week of 19:10:20261,501
Croissance des abonnés - Monthly
DateSubscribers
April 20261,774
May 20261,700
June 20261,700
July 20261,614
August 20261,541
September 20261,518
October 20261,501
Croissance des abonnés - Yearly
DateSubscribers
20261,501

Derniers articles

Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

Ram-aiya Vasta-vaiya (2013)

အေးချမ်းလှတဲ့ ရွာလေးမှာ ရာဂူးဗိနဲ့ ဆိုနာဆိုတဲ့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ရိုးရိုးသားသား နဲ့ လယ်ယာမြေမှာ လယ်သမား တောသူတောင်သားဘဝနဲ့ ဘဝကို မောင်နှမနှစ်ယောက် အေးချမ်းစွာ ဖြတ်သန်း နေထိုင်လာရင်းနဲ့ပေါ့...တစ်နေ့ ညီမလုပ်သူရဲ့ သူငယ်ချင်း မင်္ဂလာဆောင်မှာ ညီမလုပ်သူကို မရမက မင်္ဂလာပွဲတက်ဖို့ ဖိတ်တာကြောင့် အကိုလုပ်သူမှာ ညီမငယ်ကို စိတ်မချလက်မချ ထည့်လိုက်ရတာပေါ့...အဲဒီတုန်းက သူ ထည့်ပေးလိုက်တာ ခဏ.. လို့ သူထင်ခဲ့ပေမယ့် ညီမငယ်ရဲ့ နှလုံးသားကို ခွဲဝေပေးရမယ့်သူနဲ့ တွေ့ခဲ့မယ်ဆိုတာ ...သူလည်း မသိနိုင်ခဲ့ဘူးလေ...မင်္ဂလာပွဲမှာ သူငယ်ချင်းရဲ့ အမျိုးတော်စပ်သူ ကိုလူချောရွှေမင်းသားလေး ရမ် ဟာ ချောမောလှပပြီး ရိုးသားအေးဆေးတဲ့ လယ်တောသူမလေး ဆိုနာကို အရူးအမူး စွဲလမ်းပါရောလား....ဂုဏ်တွေငွေကြေးတွေမြင့်တဲ့ ရွှေမင်းသားရဲ့မိဘတွေကတော့ လုံးဝ သဘောမတူပါဘူး...အဆင့်အတန်းမတူတဲ့ ရိုးသားဖြူစင်လှတဲ့ တောင်သူလယ်သမား မောင်နှမနှစ်ယောက် ကို အရှက်လှလှ ခွဲခဲ့ပြီး မောင်နှမနှစ်ယောက် နာကြည်းစွာနဲ့ ပြန်လာခဲ့ပါတယ်...အချစ်စစ်ကို လက်မလွှတ်နိုင်တဲ့ ရမ့် မှာတော့သူချစ်တဲ့ မိဘတွေကော..စည်းစိမ်ဥစ္စာတွေပါ စွန့်လွှတ်ထားခဲ့ပြီး သူချစ်မြတ်နိုးတဲ့ လယ်သူမိန်းကလေးဆီ အပြေးလာခဲ့ပါတော့တယ်...အရှက်ကောင်းကောင်းခွဲခံလိုက်ရတဲ့ အကိုတစ်ယောက်ရဲ့ ဒေါသကြောင့် ချစ်သူနှစ်ဦး ဒုက္ခအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြတ်ကျော်ခဲ့လဲ
676001
Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

Bef-ore Sun-rise (1995)

IMDB - 8.5/10
Genre - Romance, Drama

Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို့နှစ်ဦးရဲ့ အငြင်းအခုန်ပွဲဟာ ရထားတွဲ အတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို့လည်း စာအုပ်တစ်အုပ် ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ် နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ် ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ့ စကားတွေများနေကြတာလဲ ဆိုပြီး

အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး ပြိုသိပ်ထားခဲ့ရတဲ့ ခံစားချက် တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို့နှစ်ယောက် စ တွေ့ခဲ့ကြတယ်ဆိုတာကိုပဲ။

ကျွန်တော်တို့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို့ ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။
650000
Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

Para-dise Now (2005)

IMDb - 7.5/10
Genre -Crime, Thriller

“တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်” တဲ့။
ဟုတ်ပါတယ်။ အသေခံဗုံးဖောက်ခွဲဖို့ ကြံရွယ်နေသူတစ်ဦးရဲ့ စကားပါ။ ဘာလို့ ဒါကိုပြောလဲဆိုတော့ Para-dise Now ဟာ အသေခံဖောက်ခွဲရေးသမား ၂ယောက်ရဲ့ အမြင်ကတစ်ဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်မို့လို့ပဲဖြစ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်းအရေးကိုတော့ တော်တော်များများသိကြမှာပါ။ ၂၀ရာစုလယ်လောက်ကတည်းက စခဲ့ပြီး ဒီနေ့ထိတိုင် အဖြေမတွေ့ မပြီးနိုင်သေးတဲ့ ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံကြီးတွေ ကြားဝင်ညှိနှိုင်းပေးတာတောင် မအောင်မြင်သေးတဲ့ အရေးကိစ္စပါ။ ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ကပ်နေရုံထက်ပိုပြီး နိုင်ငံအဖြစ်အသိအမှတ်ပြုခံရတာမျိုး မရှိသေးပါဘူး။ ဒီကားထဲမှာတော့ ပါလက်စတိုင်းတွေက အစ္စရေးတွေကို ‘အခြေချနေထိုင်သူတွေ’လို့ သုံးနှုန်းလေ့ရှိပါတယ်။
Paradise Now ဟာ တဲလ်အာဗစ်လို့ခေါ်တဲ့ အစ္စရေးရဲ့ လူထူထပ်တဲ့မြို့တစ်မြို့မှာ အသေခံဗုံးခွဲဖို့ အစည်းရုံးခံခဲ့ရတဲ့ ငယ်သူငယ်ချင်း၂ယောက်ရဲ့ ၂ရက်တာအကြောင်းပါ။ တစ်သက်လုံး အဖိနှိပ်ခံအဖြစ်နေခဲ့ရပြီး သူတို့ရဲ့မြေမှာ သူတို့ကိုယ်တိုင်ဟာ အကျဉ်းခံတွေလို ခံစားနေရတဲ့အပေါ် သူတို့ရဲ့ တုံ့ပြန်ချက်ကတော့ အညွှန်းထဲတောင် ဝှက်ထားဖို့မလိုပါဘူး။ ဒီကားထဲမှာ အဓိကကြည့်ရမှာက ဇာတ်လမ်းကိုထက် သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ ခံစားမှုတွေနဲ့ သူတို့ရဲ့ နောက်ဆုံးနေ့မှာ အတူရှိပေးကြတဲ့ သူတွေကိုပါ။ တကယ်တော့ အသေခံဖောက်ခွဲရေးသမားဆိုတာ လူသတ်သမားတွေပါပဲ။ ဒီလို အထိမခံတဲ့ကိစ္စကို ဒါရိုက်တာက သိမ်သိမ်မွေ့မွေ့ပဲ ပြသွားပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခကို တခြားရှုထောင့်တစ်ခုကနေ မြင်ရတဲ့သဘောလည်း သက်ရောက်ပါတယ်။
595001
Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

Cri-sis Nego-tiators (2024)

IMDB - 6.7/10
Genre - Crime

ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေလက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့
တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံးညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင်လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေအလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်းတည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲ
546000
Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

The Od-d Li-fe of Tim-othy Gre-en (2012)

တစ်ချို့လူတွေက … ကျွန်တော်တို့ရဲ့ ဘဝတွေထဲကို တိုက်တိုက်ဆိုင်ဆိုင် ဝင်ရောက်လာခဲ့ကြပြီး ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ မတူညီတဲ့ ရှုထောင့်တွေကနေ မြင်ကြည့်တတ်အောင် သင်ပေးခဲ့တယ်။ အဲဒီလိုလူတွေက အမြဲအမှတ်ရနေပေးဖို့ ထိုက်တန်ပါတယ်

အခန်းထဲမှာ ငိုကြွေးနေသည့် ဇနီးဖြစ်သူ Cynthia ရဲ့ အသံကိုနားစွင့်ရင်း James တစ်ယောက် သက် ပြင်းမောတွေ ချမိနေသည်။ သူတို့နှစ်ဦးရဲ့ ဘဝထဲမှာ ကလေးလေးရဖို့ မဖြစ်နိုင်ခဲ့တော့ဘူးတဲ့ … နေ့လည်က ဆရာဝန် ပြောခဲ့သည့် စကားသံတွေကို ပြန်လည်ကြားယောင်နေမိ၏။ ဝမ်းနည်းကြတာချင်းအတူတူ မိန်းမသားဖြစ်သည့် ဇနီးသည်က ပို၍ဝမ်းနည်းမှာကို သူသိနေခဲ့ရသည်။ Cynthia အပြင်ထွက်လာတော့ ဧည့်ခန်းထဲမှာ အတူထိုင်ရင်း ဇနီးဖြစ်သူ စိတ်အပြောင်းအလဲဖြစ်အောင် James တစ်ယောက် စာရွက်အပိုင်းအစလေးပေါ်မှာ ချရေးလိုက်သည်။နောက်ဆုံးအကြိမ်အဖြစ် သူ့တို့နှစ်ဦး ဖြစ်စေချင်ခဲ့ကြတဲ့ ကလေးလေးရဲ့ ပုံပန်းသွင်ပြင်နဲ့ ကိုယ်ရည် ကိုယ်သွေးတွေကို ချရေးပြီး မနက်ဖြန်မှာ စိတ်သစ်ကိုယ်သစ်နဲ့ စတင်ကြမည်။ ဇနီးမောင်နှံနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ကလေးလေးကို စိတ်ကူးပုံဖော်ပြီးနောက်မှာတော့ စာရွက် အပိုင်းအစလေးတွေ အားလုံးကို ဘူးထဲမှာထည့်ပြီး ခြံထဲက ဂေါ်ဖီထုပ်ပင်တွေကြားထဲမှာ အတူမြေမြှပ်လိုက်ကြသည်။

နှုတ်ဆက်ပါတယ် … ဖေဖေတို့ရဲ့ ဘဝထဲကို ဘယ်တော့မှ ရောက်မလာတော့မယ့် ကလေးလေးရေ ..

ဂျိမ်း

မိုးခြိမ်းသံကြောင့် James တစ်ယောက် အိပ်ယာကထပြီး အောက်ကိုဆင်းလာခဲ့သည်။ ဟနေသည့် အိမ်တံခါးကို ပြန်ပိတ်လိုက်ပြီး ရေခဲသေတ္တာဖွင့်ကာ ရေသောက်နေတုန်း အရိပ်ကလေးတရိပ် ဘေးကနေ ဖြတ်ပြေးသွားခဲ့တာကို James တစ်ယောက် သတိမထားလိုက်မိ။ သူ နောက်ထပ်သတိမထားခဲ့မိတာ တစ်ခုကတော့ သည်းကြီးမဲကြီး ရွာနေခဲ့တဲ့ ထိုမိုးဟာ သူတို့ရဲ့ အိမ် ဝန်းကလေးပေါ်ကိုပဲ ကွက်ပြီး ရွာနေခဲ့တာ ဆိုတာပါပဲ။ အိပ်ယာထဲဝင်ပြီး စောင်ခေါင်းမြီးခြုံအိပ်နေသည့် ဇနီးဖြစ်သူကို ဖက်လိုက်စဉ် အခန်းတံခါးကနေ Cynthia က ဝင်လာခဲ့၏။ ချက်ချင်း စောင်ကိုလှပ်ကြည့်လိုက်တော့ အရိပ်ကလေးက သူ့ဘေးကနေ လှစ်ခနဲ ထပြေးသွားခဲ့ကာ အိပ် ယာပေါ်မှာ မြေကြီးတွေသာ ပေကျံနေခဲ့လေသည်။ဇနီးမောင်နှံနှစ်ယောက် တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာကြည့်ရင်း အိမ်ထဲမှာ တစ်ကိုယ်လုံး မြေကြီး တွေနဲ့ ညစ်ပေနေခဲ့သည့် ကလေးလေးတစ်ယောက်ကို တွေ့လိုက်ကြရ၏။

"ဟိုင်း … သားနာမည် Timothy ပါ" တဲ့

ဘယ်ကမှန်းမသိ ရောက်လာခဲ့တဲ့ Timothy လေးကို ဇနီးဖြစ်သူက ရေမျိူးသန့်စင်ပေးနေလေသည်။ James တစ်ယောက် ရဲစခန်းကို ဖုန်းဆက်ရင်း အပြင်ဘက်ကိုကြည့်မိတော့ ဂေါ်ဖီပင်တွေကြားက ခုနကမြေမြှပ်ခဲ့သည့် နေရာမှာ ထူးဆန်းစွာ မြေကြီးတွေ ပုံပျက်နေတာကို တွေ့လိုက်ရ၏။ တစ်ဖက်မှာလည်း Tomothy လေးကို သန့်ရှင်းရေးလုပ်ပေးနေတဲ့ Cynthia တစ်ယောက် ကလေးလေး ရဲ့ ခြေထောက်နှစ်ဖက်မှာ ကပ်ပေါက်နေခဲ့တဲ့ ထူးဆန်းတဲ့ သစ်ရွက်လေးတွေကို မြင်လိုက်ရတဲ့အခါမှာ တော့ Timothy လေးဟာ James နဲ့ Cynthia Green တို့အတွက် သဘာဝတရားကြီးက ဖန်တီးပေးခဲ့တဲ့ ရင်သွေးလေးပဲလား ?
797000
Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

Pa-tch Ad-ams (1998)

IMDB - 6.8/10
Genre - Comedy, Drama

ဒီရုပ်ရှင်လေးကတော့ အပြင်လောကမှာ တကယ်ရှိတဲ့ လူထူးလူဆန်း ဆရာဝန်ကြီးတစ်ယောက်ရဲ့ အဖြစ် လေးပါ။ သူဟာ ဆရာဝန်၊ လူရွှင်တော၊ ပရဟိတာသမား၊ စာရေးသူ တစ်ဦးဖြစ်ပြီး Gesundheit! Institute ဆိုတဲ့ အခမဲ့ဆေးကုသရေး အဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ နှစ်စဉ် နှစ်တိုင်းမှာ သူနဲ့ ပရဟိတသမားတွေဟာ ကမ္ဘာအနှံ့က ဆေးရုံတွေ မိဘမဲ့ကျောင်းတွေကို လူရွှင်တော် ပုံစံ ဝတ်ဆင်ပြီး ဖျော်ဖြေတတ်ကြပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး အနည်းငယ် ပြောင်းလဲမှုတွေနဲ့ ရိုက်ကူး ထားခဲ့တာပဲဖြစ်ပါတယ်။ ဟန်တာအဒမ်စ်ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ချင်စိတ်ဖြစ်နေတဲ့ အတွက် စိတ်ရောဂါကုဆေးရုံတစ်ခုမှာ ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ တက်ရောက်နေစဉ်အတွင်း စိတ်ရောဂါကုဆရာဝန်တွေရဲ့ လူနာတွေကို တကယ်နားလည်မပေးတာတွေ၊ သူကိုယ်တိုင်လည်း လူနာ တွေကို ကူညီရင်းနဲ့ သတ်သေချင်စိတ်တွေ ပျောက်လာတာတွေကို ခံစားမိလာပါတယ်။ ဒါကြောင့် နောက်ဆုံးမှ ဆေးရုံကနေ ဆင်းလာပြီး ဆရာဝန်ဖြစ်လာဖို့ ဆေးကျောင်းတက်ပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဆရာဝန်တွေရဲ့ အမှောင်ခေတ်တစ်ခုကို ထည့်သွင်းရိုက်ကူးထားတာ တွေ့ရမှာပါ။ ဆရာဝန်ဆိုတာ လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ စွမ်းအားရှင်တွေ အဖြစ် မြင်နေကြပုံတွေ၊ သူနာပြုတွေကို အထင်အမြင်သေးကြတာကြောင့် အထက်အောက်မပြေလည်တာတွေ၊ လူနာတွေအပေါ် ရောဂါကုသဖို့ကလွဲပြီး ကျန်တာတွေ ဂရုမစိုက်ကြသေးတဲ့ ခေတ်တစ်ခုလိုမျိုး ပုံဖော်ပြထားပါတယ်။ အ ဒမ်စ်ကတော့ ဆရာဝန်ဆိုတာ လူနာရဲ့ရောဂါကိုသာမက ဘဝတစ်ခုလုံးကောင်းမွန်အဆင်ပြေဖို့ပါ ထည့်သွင်းကြိုးစားပေးရမယ်ဆိုတဲ့ အတွေးကို ဆုပ်ကိုင်ထားမိတဲ့ လူထူးဆန်းတစ်ယောက်လို ဖြစ်နေပါ တယ်။ လူနာရောဂါတွေအကြောင်းမပြောခင် နာမည်လေးတော့ အရင်မေးလိုက်မယ်၊ ကုစရာဆေးမရှိတော့ ရင်တောင် စိတ်ချမ်းသာအောင်လုပ်ပေးလိုက်မယ်ဆိုတဲ့ ဆရာဝန်မျိုးကို ပုံဖော်ထားတာပါ။ ပြီးတော့ ဆေးအာမခံမရှိလို့ မကုသနိုင်တဲ့ လူနာတွေအတွက် အခမဲ့ဆေးကုဆောင်ဖွင့်ဖို့ ကြိုးစားတဲ့အကြောင်း တွေ ပါပါတယ်။ အဆိုပါခေတ်ရဲ့ ဆရာတွေ ကျောင်းနေဖက်တွေနဲ့ ယုံကြည်မှုတွေ အရမ်းကွဲပြားလာတဲ့ အခါမှာ နောက်ဆုံးတော့ ကျောင်းအုပ်ကြီးဟာ အဒမ်စ်ကို ကျောင်းထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားရဲ့ အဓိကနေရာကတော့ အဒမ်စ်နဲ့ ဆေးကောင်စီ ဘုတ်အဖွဲ့တွေရဲ့ အမေးအဖြေတွေလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဘာပဲပြောပြော ကြည့်သင့်တဲ့ ကားဟောင်းကားကောင်းလေးတစ်ခုမို့ တင်ပေးထားလိုက်ပါတယ်ဗျာ။
500000
Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

Dan-ny Col-lins (2015)

IMDB - 7/10
Genre - Comedy, Musical

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Al Pa-cino ကြီးရဲ့ ၂ဝ၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အချက် အချို့ပေါ်အခြေခံထားတဲ့ အသက်ကြီးကြီးရော့ခ်စတားတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါ။ Al Pa-cino အပြင် အခြားသောနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါပါတယ်

ဒန်နီကောလင်းလို့အမည်တွင်တဲ့ အသက်ကြီးကြီးရော့ခ်ကာစူပါစတားကြီးဟာ သူ့ရဲ့မွေးနေ့မှာ ချစ်သူ ငယ်ချင်းကြီးက မွေးနေ့လက်ဆောင်အဖြစ်ရှာလာပေးတဲ့ နှစ်၄၀ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ စာတစ် စောင်ကိုရခဲ့ပါတယ် အဲဒီစာက John Lennon ကြီးက သူ့ဆီ သူတက်သစ်စအချိန်မှာ အကြံပေးစာ၊ အကူအညီကမ်းလှမ်းစာအနေနဲ့ ရေးခဲ့တာပါ။ ကံမကောင်းစွာနဲ့ သူဒီစာကို ရသင့်တဲ့အချိန်မှာ ချက်ချင်းမရခဲ့ဘဲ မသမာသူတစ်ဦးရဲ့လက်ချက်ကြောင့် နှစ်ပေါင်း ၄၀အကြာမှသာ လက်ခံရရှိခဲ့ပါတယ်။ သူ့ဘဝကို ပရိသတ်တွေစိတ်တိုင်းကျရင်ပြီးရော ဖြစ်သလိုနေနေတဲ့ ဒန်နီကောလင်းတစ်ယောက် ဒီ အသက်အရွယ်မှာ ဒီစာကိုမြင်မှ အသိတရားရပြီး လွဲမှားနေခဲ့တဲ့သူ့ဘဝကို ပြန်ပြင်ဆင်ဖို့ဆိုပြီး စိုင်းပြင် ပါတော့တယ်။ ခြေလှမ်းအစအနေနဲ့ သူလှမ်းဖို့ ပြင်ခဲ့တာက သူတစ်ခါမှမမြင်ဖူးတဲ့ သူ့ရဲ့တရားမဝင်သားဖြစ်သူဆီ သွား တွေ့ဖို့ပါ သွားတွေ့တဲ့အချိန်မှာတော့ သားဖြစ်သူက တစ်သက်လုံးနေလို့တစ်ခါတောင်မလာတဲ့သူ့ကို မ ကြိုဆိုနေခဲ့ပါဘူး။ အဖြစ်က ထင်ထားသလိုမလွယ်ကူတဲ့အခါမှာ ဒန်နီကောလင်းတစ်ယောက် သူ့သားနဲ့သင့်မြတ်အောင် ဘယ်လိုကြိုးစားမလဲ သူ့ဘဝကို သူဖြစ်ချင်ခဲ့တဲ့အတိုင်း ရှေ့ဆက်မလားဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ
412001
Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

The Pe-rks of Be-ing a Wall-flower (2012)

IMDB - 7.9/10
Genre - Romance, Drama

အထက်တန်း ပထမနှစ်ကျောင်းသား Charlie ကတော့ သူငယ်ချင်းမရှိပါဘူး၊ သူ့ကို အခြားသူတွေ မမြင်ရဘူးတောင်ထင်နေတဲ့ အရှုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ စိတ်ရောဂါတစ်ခု ရှိပြီးတော့ အဲ့ဒါကြောင့်လည်း သူကိုယ်သူလည်းယုံကြည်မှုမရှိဘဲ ရုန်းကန်နေရတဲ့ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ ရည်းစားလည်းမထားဖူးသလို First Kiss လည်းမပေးဖူးသေးတဲ့ လူရိုးလည်းတစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ ကျောင်းဘောလုံးပွဲတစ်ခုမှာ Patrick ဆိုတဲ့ သူငယ်ချင်းတစ်ယောက်စရလာပြီး Sam ဆိုတဲ့ ကောင်မလေးနဲ့ပါ ထပ်ခင်သွားကြပါတယ်။ Sam နှင့် Patrick က အဖေတူအမေကွဲ တွေဖြစ်ပါတယ်။ Charlie ကတော့ Sam ကို သဘောကျနေပြီး သူကိုယ်သူတောင် ယုံကြည်မှုမရှိတာမလို့ ဖွင့်ပြောဖို့ဆို တာ ဝေးလွန်းလှပါတယ်။ ဒါပေမယ့်လည်း Sam နှင့် Patrick တို့ကိုစတွေ့ပြီး သူငယ်ချင်းဖြစ်တဲ့နေ့ကတည်းက Charlie တစ် ယောက် စပျော်လာပါတယ်။ ဒီလိုနဲ့ Charlie လည်း ပုံမှန်လူတစ်ယောက်လိုပဲ ဖြစ်လာပြီး သူ့ရောဂါကလည်း သက်သာလာပါတယ်။ Charlie တစ်ယောက် Sam ကိုဖွင့်ပြောဖို့ကြောက်နေတုန်းမှာပဲ Sam အခြားတစ်ယောက်နဲ့တွဲသွားပါ တယ်။ Charlie ကတော့ လက်မလျော့ပဲ Sam ပျော်ဖို့အတွက် ကျောင်းစာလုပ်တာအစ ကူညီပေးပါတယ်။ Charlie ကလည်း Sam သူငယ်ချင်း Mary နဲ့တွဲလိုက်ပါတယ်။ Charlie က သဘောမကျပေမယ့် ငြင်းရမှာ အားနာလို့ တွဲလိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ နီးရက်နဲ့ဝေးနေတဲ့ Charlie နှင့် Sam တို့ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ Charlie တစ်ယောက် Sam ကို ဖွင့်ပြောရဲပေါ့မလား၊ Sam ကရော Charlie ရဲ့ အချစ်တွေကို လက်ခံပါ့မလား
410000
Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

Close-up (1990)

IMDB - 8.2/10
Genre - Crime, Drama

တကယ့်အဖြစ်အပျက်ကို အဲဒီတကယ့်အဖြစ်အပျက်ထဲက လူတွေနဲ့ ဒိုကူမန်ထရီ ရိုက်ထားသလိုဖြစ်နေတဲ့ ဒိုကူမန်ထရီမကျ ဖစ်ရှင်မကျ ဒိုကူဖစ်ရှင် ရုပ်ရှင်အမျိုးအစားပဲ။ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာအယောင်ဆောင်ပြီး မိသားစုတစ်ခုကို လိမ်လည်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ခြေရာကောက်တဲ့အကြောင်း ရိုက်ပြထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်ကို Abbas က စိတ်ဝင်စားစရာ ကောင်းအောင် Rashomon Effect သုံးပြီး တင်ပြသလို တင်ပြမှုမျိုးနဲ့ တင်ပြသွားခဲ့တယ်။ Abbas အတွက် ဒီကိစ္စက သိပ်တော့မဆန်းလှဘူး။ ကျွန်တော့်အမြင်အရတော့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဒိုကူ မန်ထရီတွေသာ မဖြစ်နေမယ်။ ရုပ်ရှင်တစ်ခုကိုတင်ပြပုံထက် တကယ့်ဘဝကို တင်ပြပုံနဲ့ အမြဲတူနေလို့ပါ ပဲ။ တခြားအီရန်ဒါရိုက်တာတွေနဲ့ သူကွဲထွက်နေတဲ့ အဓိကအချက်ကလည်း ဒီအချက်လို့ပဲ မြင်တယ်။ ဒုက္ခကို ဇာတ်နာအောင် တင်ပြမှုများတတ်တဲ့ အီရန်ရုပ်ရှင်တွေထဲ Abbas ကတော့ ဒုက္ခကို တင်ပြပေမဲ့ ဇာတ်ကြောင်းပြောသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအဖြစ်ကို လိုက်ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့ ပဲ တင်ပြနေကျပဲ။ ပြောရရင် Abbas ဟာ လောကဓံတွေကို တင်ပြပေမဲ့ ဘယ်တော့မှ အဆိုးသက်သက် နဲ့ အဆုံးမသတ်သွားဘူး။ဒါကိုကလည်း ကမ္ဘာကြီးဆန်နေတာပါပဲ။ ဒီကားကလည်း လိမ်လည်မှုတစ်ခု တရားခွင်တစ်ခုကို တင်ဆက်ထားပေမဲ့ အဆိုးအကောင်းတွေအတွက် ဇာတ်ကြောင်း ပြောသူဘက်က အကဲဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ထားတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်လို့ ပြောလို့ရတယ်။
413000
Cloud Zoo : Reviews logo
Cloud Zoo : Reviews

06 sept. 2026, 21:05

Free-dom Wri-ters (2007)

IMDB - 7.6/10
Genre - Drama

ကယ်လီဖိုးနီးယားပြည်နယ် Long Beach မှာMrs. Gruwellတို့ ဇနီးမောင်နှံကပျော်ပျော်နေ‌ကြတဲ့ မောင်နှံ ၂ ဦးပါအဲ့ဒီမှာ Mrs Gruwell ကလူငယ်ထိန်းသိမ်းရေးကျောင်းက ကလေးတွေနဲ့အပြင်ကျောင်းသားတွေနဲ့ ပူးပေါင်းသင်ကြားရေးပရိုဂရမ်ကို အကောင်အထည်ဖော်နေတဲ့ဝီလ်ဆင် ကျောင်းကို ဆရာမ သွားလျှောက်ပါတယ်။ အဲ့ဒီ့မှာ ဖြစ်နေကျအတိုင်းပေါ့ဗျာ။ စီနီယာ ဆရာ/မတွေက အထင်သေးတာပေါ့။ ခုမှ ဆရာမ စလုပ်ရမယ့်သူ၊ ပုလဲဆွဲကြိုးတွေကဆွဲထားသေးတယ်။ ဒါပေမယ့် ပုံမှန်ပဲ ဆက်ဆံပါတယ်။ သူတို့က လူငယ်ပြု‌ပြင်ရေးကျောင်းက ကလေးတွေရှိနေတဲ့အတန်းကို အလေးမထားဘဲ လျစ်လျူရှုနေတာကိုအဲ့ဒီ့ကတည်းက စတွေ့ရမှာပါ။ ဒီကောင်တွေကပြသနာကောင်တွေ သူတို့ရောက်လာလို့ ငါတို့ကျောင်းအဆင့်ကျသွားတာ၊ သူတို့ ကျောင်းမလာလည်း နားအေးတာပဲဆိုတဲ့ဆရာမျိုးတွေပါ။ ဒါပေမယ့် Gruwellကတော့ဒီပူးပေါင်းသင်ကြားရေးပရိုဂရမ်ကြောင့်ပဲဝီလ်ဆင်ကျောင်းကို လျှောက်ခဲ့တာလို့ ပြောခဲ့ပါတယ်။ အဲ့ဒီ့မှာ ပြောတဲ့စကားလေးကို အရမ်းသဘောကျတယ်ဗျ” ကျမ က အရင်တုန်းက ရှေ့နေ‌တစ်ယောက်ဖြစ်ချင်တာ၊ ဥပ‌ဒေပညာကို စိတ်ဝင်စားတယ်၊ ကလေးသူငယ်တွေအတွက်ကျမ တိုးတက်အောင်လုပ်ပေးမယ်၊ ကာကွယ် ခုခံပေးမယ် လို့ကျမ တွေးခဲ့တာ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ဘုရားရေကလေးတစ်ယောက်က တရားခွင်မှာ ရောက်နေမှ ကျမကကာကွယ်ပေးမယ်ဆိုရင် သူ့အတွက်ကို အခွင့်အရေးကဆုံးရှုံးနေပြီလေ။ ကျမ တကယ်ကာကွယ်ပေးချင်ရင်စာသင်ခန်းထဲကနေစပြီး သူတို့အတွက် ပြုပြင်ပြောင်းလဲပေးရမယ်”ဒါကြောင့် သူက ဝီလ်ဆင်ကို လာအလုပ်လျှောက်ခဲ့တာပါဒါပေမယ့် အတွေ့အကြုံမရှိသေးတဲ့အတွက်Gruwell ပထမဆုံးဦးဆုံးသင်ရတဲ့ စာသင်ချိန်မှာကလေးတွေဟာ ဘယ်လိုရိုင်းမှန်း ကိုင်တွယ်ရခက်မှန်း သိခဲ့ရပါတယ်ပထမဆုံးအချိန်မှာ ရန်ဖြစ်လို့ လုံခြုံရေးခေါ်ပြီး ဖြန်ဖြေရတဲ့အထိပါပဲဒီကလေးတွေက မူးယစ်ဆေးသုံးစွဲသူတွေနဲ့အဆက်အသွယ်ရှိလူဆိုးဂိုဏ်းဝင်ထားတဲ့သူတွေလည်းဖြစ်ငယ်ငယ်ကကြုံခဲ့ရတဲ့ မတရားမှုတွေကြောင့်ဖိနှပ်ခံရမှုတွေကြောင့်လူဖြူတွေကို အရမ်းမုန်းတီးနေကြပါတယ်ဒီအခန်းထဲကကလေးအများစုက လူမဲတွေဖြစ်ပြီးငယ်ငယ်က စိတ်ဒဏ်ရာပေါင်းများစွာနဲ့လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းရောက်ခဲ့ရတဲ့သူတွေပါလူဖြူကောင်လေး တစ်ယောက်ပဲပါပြီး သူ့အတွက်လည်းကျီးလန့်စာစားသလို နေနေရတာမျိုးပါအဲ့ဒီ့လို အမုန်းတရားတွေနဲ့ ပြည့်နေတဲ့ဆိုးမိုက်လွန်းတဲ့ လူမဲ ကျောင်းသားလေးတွေကိုလူဖြူ ဆရာမ တစ်ယောက်က လိမ္မာရေးခြားရှိလာအောင်အမှန်အမှားခွဲခြားတတ်လာအောင်ဘယ်လိုများ သင်ကြားပေးနိုင်မလဲဆိုတာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒီလိုမျိုးတွေကမြန်မာပြည်မှာလည်းရှိပါတယ် တိုင်းရင်းသားဒေသဘက်တွေမှာဗမာတွေရဲ့ကြီးနိုင်ငယ်ညှင်းပြုမှုခံရတာတွေကြောင့်ဗမာဆိုရင်ကို မုန်းနေတာတွေရှိပါတယ် ကချင်ဒေသဘက်မှာဗမာဆရာဆိုရင်ကို လက်မခံတဲ့နေရာတွေမျိုးထိရှိပါတယ်တခြားတိုင်းရင်းသားဒေသဘက်တွေမှာလည်းရှိနေတုန်းပါပဲ သူတို့ကို အပြစ်ပြောလို့မရဘူးဗျတိုင်းရင်းသားဒေသတွေမှာ ဘယ်လိုနေထိုင်ရလဲသူတို့လူမျိုးတွေအ‌ပေါ် ဗမာတွေ ဘယ်လိုလူလည်ကျခဲ့လဲဆိုတာဖိနှိပ်ခံခဲ့ရသလဲဆို ခင်ဗျားတို့ မခံရဖူးတော့ ကိုယ်ချင်း မစာနိုင်ဘူးဒါကြောင့် သူတို့ကို အပြစ်တင်နေလို့မရပါဘူးပြီးတော့ ဘာသာစကားအခက်အခဲကြောင့်ကလည်းတော်တော်ပြဿနာတက်ပါတယ် ဒါကလူမျိုးရေးအနေနဲ့ပြသနာတက်တာမျိုးတွေပါနောက်တစ်ခု ဘာသာတရားနဲ့ ပြည်မဘက်က ဆရာ/မတွေဟာဘာသာရေးနဲ့ပတ်သက်ရင် တော်တော်လေးတယူသန်နေတာမျိုးရှိတယ်ဗျ စာသင်နေတဲ့အချိန်မှာဘာသာရေးကြောင်းတွေထည့်သင်ပြီး ဘာသာခြားကလေး‌ တွေကိုနှိပ်ကွပ်တာမျိုးတွေရှိပါတယ် လုံးဝမလုပ်သင့်တာတွေပါပဲကျနော်တို့ ဆရာ/မ တွေအနေနဲ့ အမြင်မတူ ယုံကြည်ချက်မတူလူမျိုးမတူတဲ့ ကလေးတွေကို ကျနော်တို့ကို ရန်သူလို့သတ်မျတ်နေတဲ့ ကလေးတွေကို ဘယ်လိုလုပ် အမှန်တရားကိုလက်ခံလာအောင် သင်ကြားပေးနိုင်မလဲ ဘယ်လိုမျိုးကြိုးစားပေးနိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီလိုလုပ်ဖို့ သူ ကျောင်းစာကြည့်တိုက်ထဲကစာအုပ်တွေကလေးတွေကို ဖတ်ခိုင်းဖို့ကြိုးစားတဲ့အခါကျောင်းက ဘုတ်အဖွဲ့ဝင် ဆရာ/မတွေက လက်မခံပါဘူးငါတို့ငှားလိုက်ရင် စာအုပ်တွေ ပြန်မရတော့ဘဲနေမှာသူတို့က ဖျက်ဆီးပစ်မှာ မငှားနိုင်ဘူးလို့ ပြောပါတယ်ပြီးရင် ကလေးတွေပညာရေးအတွက် သူကတိုးတက်အောင်လုပ်ပေမယ့်လို့ သူတို့အပေါ် ကျောတယ်ဆိုပြီးဘုတ်အဖွဲ့က ဆရာ/မတွေကလည်း သူ့ကိုစကားမပြောနိုင်တဲ့အထိအောင် ဖြစ်သွားကြပါတယ်အဲ့ဒီ့လိုအခက်အခဲတွေကြားက ကလေးတွေကိုဘယ်လိုများသင်ကြားပေးနိုင်အုံးမှာလဲဗျာစဉ်းစားကြည့်ရင် စိတ်ကူးယဉ်ဆန်ဆန်ပါပဲ ဒါပေမယ့်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပါGruwell နဲ့ ကျောင်းသားတွေက အခု ကယ်လီဖိုးနီးယားမှာဖောင်ဒေးရှင်းတစ်ခုထောင်ထားပြီး ပရဟိတ လုပ်ငန်းတွေလုပ်ဆောင်နေဆဲဖြစ်ပါတယ် ဒီဇာတ်ကားမှာလူမျိုးတုန်းသတ်ဖြတ်မှုတွေ နာဇီက ငရဲခန်း အော့ဝှဇ်အကျဉ်းထောင်အကြောင်းတွေကို ပြတဲ့အခါလွတ်မြောက်ရှင်သန်ခဲ့တဲ့ ဂျူးလူမျိုးတွေကသူတို့အကြောင်းတွေ ပြောပြတဲ့အခါ မျက်ရည်ကျရတဲ့အထိဖြစ်ရပါတယ်။ အဲ့ဒီ့လောက်ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်
394000

Showing 10 of 10 posts

Note

Connexion requise

Frequently Asked Questions

De quoi parle le canal Telegram Cloud Zoo : Reviews ?+

Cloud Zoo : Reviews (@clzreviews) est un canal Telegram classé dans Tests de Gadgets sur tgdio. Classement, notes, avis et publications récentes pour décider avant de vous abonner. Il compte actuellement environ 1 501 abonnés sur tgdio.

Comment rejoindre Cloud Zoo : Reviews (@clzreviews) sur Telegram ?+

Ouvrez le profil sur tgdio, puis utilisez Join / Open in Telegram pour aller sur @clzreviews et vous abonner gratuitement.

Cloud Zoo : Reviews est-il un bon canal Tests de Gadgets ?+

Sur tgdio, consultez la note, les avis, le classement et les publications de Cloud Zoo : Reviews avant de rejoindre. Il compte actuellement environ 1 501 abonnés sur tgdio. Comparez avec d’autres canaux Tests de Gadgets.

Où voir les stats et publications de Cloud Zoo : Reviews ?+

Sur tgdio, ouvrez la page @clzreviews pour les stats abonnés, classement, notes et publications. Le lien Stats montre la croissance.