1/2ဇာတ်လမ်းကတော့ ထရွန်ညဏ် လို့ခေါ်တဲ့ လူနာတင်ယာဉ်မောင်းသမားလေးအကြောင်းပါ။ သူ့ရဲ့ ပထမဆုံးခရီးစဉ်အဖြစ် ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသတစ်ခုကို အလောင်းတစ်လောင်း သွားပို့ရပါတော့တယ်။ အဲဒီခရီးစဉ်မှာ ဖွန် လို့ခေါ်တဲ့ သတင်းထောက်အလုပ်သင်လေးတစ်ယောက်လည်း လိုက်ပါလာပါတယ်။ လမ်းမှာ ကားပျက်လို့ ဒုက္ခရောက်နေတဲ့ သွီချီ ဆိုတဲ့ မိန်းကလေးကိုပါ လမ်းကြုံတင်ခေါ်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက် အတူတူခရီးဆက်လာရင်း လမ်းတစ်လျှောက်မှာ ထူးခြားဆန်းကြယ်တဲ့ သရဲတစ္ဆေခြောက်လှန့်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်ကြရပါတော့တယ်။ ပိုပြီးကြောက်စရာကောင်းတာက ထရွန်ညဏ် မောင်းနေတဲ့ လူနာတင်ကားကြီးနဲ့ပတ်သက်ပြီး သူ့အဖေ ဖုံးကွယ်ထားခဲ့တဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်ကြီးတစ်ခုကိုပါ ဒီခရီးစဉ်အတွင်း ရှာဖွေတွေ့ရှိသွားတာပါပဲ။ သရုပ်ဆောင်တွေအနေနဲ့ ထရွန်ညဏ် အဖြစ် ဘတ်ကွန်ခန်း၊ သတင်းထောက်လေး ဖွန် အဖြစ် တွမ်ဒုံး နဲ့ လမ်းကြုံလိုက်လာတဲ့ ကောင်မလေး သွီချီ အဖြစ် လန်သီ တို့က အဓိကပါဝင်ထားကြပါတယ်။ ဒါရိုက်တာ ဟွမ်တွမ်ကွန်း က ရိုက်ကူးထားတာပါ။ ခရီးသွားရင်း သရဲခြောက်တဲ့ ဇာတ်လမ်းမျိုး၊ ရယ်စရာလေးတွေလည်း ပါဝင်ပြီး သည်းထိတ်ရင်ဖိုစရာ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီကားလေးကို သေချာပေါက် ကြည့်ရှုကြဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့် ➡️ t.me/c/2567751525/1878









